WordPress plugin users (သင့်မှာ လိုင်စင် ရှိပါသလား…) – Adspace Myanmar

(သင့်မှာ လိုင်စင် ရှိပါသလား…)

(သင့်မှာ လိုင်စင် ရှိပါသလား…)
By atn
(၁)
အမေရိက -ဆိုတဲ့ နိုင်ငံကြီးဟာ… ကျယ်ပြန့်သလောက်… စံတော်ချိန်တွေလည်း ၃-၄ ခုလောက်ရှိပါတယ်… ခင်ဗျားက အမေရိကရဲ့ ဘယ် အပိုင်းမှာ နေနေသလဲဆိုတာနဲ့ စံတော်ချိန်တွေကို တိုင်းတာရမှာပါ… အမေရိကရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဟာ အနည်းဆုံး ၃ နာရီကွာခြားတယ်… ထို့အတူ… အမေရိကရဲ့ regulation ခေါ်တဲ့ ဥပဒေတွေ… restrictions ခေါ်တဲ့ သတ်မှတ်မှုတွေကလည်း… ပြည်နယ် တခုနဲ့ တခု တူတာ မဟုတ်ဘူး… ဒါပေသည့် ဒါတွေအားလုံးကို ခင်ဗျားက ဘယ်လိုလုပ် သိနိုင်မှာလဲ… ဒါပေသည့် ခက်တာက… ခင်ဗျားက မသိလို့ ဥပဒေ တခုခုကို ကျူးလွန် ဖောက်ဖျက်မိရင်… ကျနော် မသိ-လို့ပါ လုပ်မရဘူး… ဥပဒေက ဥပဒေပဲ… သူက ခင်ဗျားကို ထိုင်စောင့်နေတာလို့တောင် ပြောလို့ရတယ်… မောင်ရင် မသိတာ မောင့်ရင့် အလုပ်… ငါ သိတာ ငါ့ အလုပ် -ဆိုပြီး ခင်ဗျားကို ဇိကုပ်သွားမှာပါပဲ…
သည်မှာ ဥပမာလေး တချို့ တလေကို ပြောပြချင်ပါတယ်… ခင်ဗျားတို့လည်း ယုံချင်မှ ယုံမယ်… ဒါပေသည့် ဒါဟာ တကယ်ပါ… ဘာလို့ဆို ဒါဟာ အမေရိက မို့လို့ပါ… ဥပဒေ ပေါင်းစုံနဲ့ နိုင်ငံကို တည်ဆောက်ထားတဲ့ အမေရိကပါ…. ကျုပ်မယ်… သူငယ်ချင်းတွေ ရှိပါတယ်… တချို့ကလည်း ဗမာတွေ မဟုတ်ဘူး… အဲ့သည်အထဲမယ် ချင်း အမျိုးသားတွေလည်း ပါသည်ပေါ့လေ… တရက်တော့ အဲ့သည် ကျုပ် သူငယ်ချင်း ချင်းတယောက်ဟာ…. သူ့သမီးလေးအတွက် စီးဖို့ ဒန်း ဆင်ရှာတယ်… ဒါကလည်း သစ်ပင် တပင်ပေါ် တက်ဆင်မှ ရမှာ မဟုတ်လား…. သည်လိုနဲ့ သူ့ မလဲ ဒန်းဆင်ဖို့ကောင်းလောက်တဲ့ သစ်ပင် တပင်တွေ့လို့ ဒန်းဆင်ဖို့ တက်တာ… အဲ့ဒါကို သူနဲ့ သိပ်အဆင်မပြေတဲ့ သူ့အိမ်အနားက ဘိုတကောင်က ရဲ ခေါ်လိုက်တယ်… အဲ့ကောင် လိုင်စင်မရှိပဲ သစ်ပင်တက်နေပါတယ်ပေါ့… ကျုပ်တို့ ဗမာပြည်မှာ ကြိုက်တဲ့သစ်ပင်ကို ကြိုက်သလိုတက်… ဘာလိုင်စင်မှ မလိုဘူး… ခက်တာက အမေရိကမှာ လိုတယ်… အိမ်နီးချင်းက ရဲကို ဖုန်းခေါ်တယ်… ရဲရောက်လာတယ်… ရဲက အဲ့သည့် ချင်းကို မေးတယ်… what are you doing up there…… ကျုပ်သူငယ်ချင်း ချင်းကလည်း ယဉ်ယဉ်ကျေး ပြန်ဖြေပါတယ်… I am trying to fix a swing on this tree for my daughter… ပေါ့… ဒါပေသည့် ရဲက ထပ်မေးတဲ့ အခါ… ပြဿနာစတော့တာပါပဲ…… do you have license… ?… သူကလည်း ပြန်မေးတာပေါ့… what license… ဆိုတော့… climbing license တဲ့… ဟယ်… ငါတို့ တောထဲမှာ ကြိုက်တဲ့ သစ်ပင်တက် … ဘယ်သူမှ ဘာမှ မပြောဘူး… ဘာလိုင်စင်မှ မလိုဘူး… သူပြန်ပြောတာပေါ့… ရဲကလည်း ပြန်ပြောပါတယ်… အေးအဲ့ဒါ မင်းတို့ တောထဲမှာ… ခုဟာက အမေရိက-တဲ့… သေရော… ကျုပ်သူငယ်ချင်းလည်း လိုင်စင်မဲ့ သစ်ပင်တက်မှုနဲ့ အချုပ်တော့ မကျပါဘူး… ဒဏ်ငွေ ၅၀၀ ကျော် ဆောင်လိုက်ရတယ်… ဒါ ကျုပ် နောက်တာ မဟုတ်ဘူးနော်… တကယ် ပြောနေတာ… အမေရိကမှာ သစ်ပင်တက်ချင်ရင် landscaping license ခေါ်တဲ့ permit ရှိရတယ်…
July 17, 2014 at 9:31pm
(၂)
အမေရိကဆိုတာ ဒုတိယ နိဗ္ဗာန်ဘုံလို့ တချို့ကလည်း အဓိပ္ပါယ် ဖွင့်ကြတယ်… တျုပ် အတွက်ကတော့ ဒုတိယ ငရဲလို့ ပြောရင် တချို့လည်း လက်ခံနိုင်ကြမယ် မထင်ဘူး… ထားပါတော့ဗျာ… သမီးအတွက် ဒါန်းဆင်ဖို့ သစ်ပင်တက်မိခဲ့တဲ့ ကျုပ်သူငယ်ချင်း ချင်း တကောင်မယ်… ပိုက်ဆံ ၅၀၀ ကျော် ဒဏ်ငွေရိုက်ခံလိုက်ရတာ… ရီစရာလိုလိုပါပဲ… ဒါပေသည့်… သူ့ထက်ပိုဆိုးတာက… အလကားရတဲ့ ငါးတွေကို သွားကောက်မိတဲ့ကောင်တွေရယ်… စတိုးတွေမှာဝယ်လို့ရနိုင်တဲ့ ငါးတွေကို ဖင်ယားပြီး အလကား မတ်တင်း သွားဖမ်းခဲ့တဲ့ကောင်တွေရယ်… လိုင်စင်မရှိပဲ ငါးဖမ်းလို့ တယောက်ကို ဒေါ်လာ ၈၀၀ စီလောက် ဒဏ်ငွေဆောင်လိုက်ရတယ်…
အမေရိကမှာ… လိုင်စင် အမျိုးမျိုး ရှိသဗျ… ခင်ဗျား ငါးဖမ်းချင်ရင်… fishing license ရှိရတယ်… ဒါတောင် ဘယ်ငါးကို ဖမ်းမှာလဲ-ဆိုတာက ရှိသေးတယ်… endanger species…. တွေကိုတော့ ခင်ဗျား သွားဖမ်းလို့မရဘူး… သေသွားမယ်… … အမေရိကဟာ… အဲ့သလို… စည်းနဲ့ ကမ်းနဲ့ နေတာ…
တရက် မတော့ ကျုပ် သူငယ်ချင်းတွေပေါ့ဗျာ… ငါးသွား ဖမ်းကြတယ်… ငါးဖမ်းတာပဲ ဘယ်ငါး ဖမ်း-ဖမ်းပေါ့ မဟုတ်ဘူးလား… အမေရိကမှာတော့ မဟုတ်ဘူး ခင်ဗျ…. ခင်ဗျား ဖမ်းချင်တဲ့ ငါးတွေကို ဖမ်းလို့ မရဘူး… အစိုးရက ခွင့်ပြုထားတဲ့ ငါးတွေကိုမှသာ ဖမ်းလို့ရတာ…
အင်း… အစိုးရက ဘယ်ငါးတွေကို ဖမ်းခွင့်ပေးထားတာလဲ…
ဒါတွေကိုတော့ အစိုးရက ဖွင့်ထားတဲ့ မျက်နှာ စာအုပ်မှာ သွားကြည့်နိုင်တာပေါ့ဗျာ…
ကျုပ်ပြောချင်တာကတော့… အမေရိကား-ဆိုတာ ငါးကိုတောင် စည်းနဲ့ကမ်းနဲ့မှ ဖမ်းခွင့်ပြုထားတာကိုပါ…
ဖြစ်ချင်တော့… ကိုယ်တွေကလည်း သူပုန်တွေ မဟုတ်လား… ဘာဖြစ်ဖြစ်ကွာ… ဖမ်းချင်တဲ့ ငါး ငါဖမ်းမယ်… လုပ်တာ… တကယ့် တကယ်တော့ မရဘူးဗျ… ပတ်ဝန်းကျင် ထိန်းသိမ်းရေး ခေါ်ရမယ်… အဲ့ဒါတွေက စောင့်ကြည့်နေတာ…. ငါးတကောင်ကို ကိုယ့်လူတယောက် ဖမ်းလိုက်တော့… ချက်ချင်းကို ရောက်လာတာ… ရဲတော့ မဟုတ်ပါဘူး… ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစောင့် လို့ ခေါ်ရမှာပေါ့… US Fish & Wildlife Service လို့ခေါ်တယ်… မင်းမှာ အဲ့သည် ငါးကို ဖမ်းဖို့ လိုင်စင် ရှိသလားမေးတော့တာပေါ့…
ကျုပ်သူငယ်ချင်းကလည်း ငါးဖမ်းခွင့်လိုင်စင်ရှိပါတယ်… သူလည်း ထုတ်ပြတာပေါ့… ဒါပေသည့် အဲ့သည် ပုဂ္ဂိုလ်က မေးနေတာ… ငါမေးနေတာ မင်းရဲ့ ငါးဖမ်းခွင့် လိုင်စင် မဟုတ်ဘူး… ငါမေးနေတာ သည်ငါးကို မင်း ဖမ်းခွင့် လိုင်စင်တဲ့…
ကျုပ်သူငယ်ချင်းမလည်း ဦးနှောက် ခြောက်သွားတာပေါ့
ဒါပေသည့်… ကျုပ် သူငယ်ချင်းကလည်း ဦးနှောက် ကောင်းပါတယ်… မင်းက ငါ့ကို အဲ့လို မေးရအောင် ပြစမ်းပါဦး မင်းရဲ့ စာရွက်စာတမ်းတွေ… ဆိုတော့ ဟိုတယောက်လည်း ခြောက်ခြောက်ခြားခြားဖြစ်သွားပါတယ်…
သူ့မယ်လည်း… တွေ့သမျှလူကို ဖမ်းခွင့် လိုင်စင် ရှိပုံမရပါဘူး…. 😀 😛 🙂
July 17, 2014 at 11:26pm
(၃)
အမေရိကား ရောက်လာတာ ကြာရင်… လူအတော်များများဟာ… အိမ်ငှားခတွေ တနှစ်တခြား ဈေးတက်လာတဲ့အပေါ်မှာ မခံစားနိုင်ကြတော့ပါဘူး… အိမ်ငှားမယ့် အစား… အိမ်ပဲ ၀ယ်တော့မယ်ကွာ-ဆိုတဲ့ ခံစားချက်တွေ… ပေါက်ကွဲလာကြတော့တာပါပဲ… သည်လို့နဲ့ အလုပ်အကိုင် ကောင်းသူတွေ… တည်ငြိမ်တဲ့ အလုပ်အကိုင်ရှိသူတွေဟာ… အိမ်ဝယ်ကြတာ များပါတယ်… သည်လိုနဲ့ အိမ်ဝယ်ကြပြီ -ဆိုပါတော့… ကိုယ့် အိမ်ပဲ မဟုတ်လား… ကိုယ့်ဘာသာ ဘာလုပ်လုပ်ပေါ့… အိမ်ကို မီးတင်ရှို့လည်း ဘာအရေးလဲ မဟုတ်ဘူးလား… ဒါပေသည့်… ဒါက အမေရိက ခင်ဗျ… ခင်ဗျား အိမ်ဟာ… အများပြည်သူလူထုနေထိုင်နေတဲ့ ရပ်ကွက်ထဲမှာ ရှိနေတာ… ခင်ဗျား လုပ်ချင်တာ လုပ်လို့ မရဘူး… အမေရိကဟာ… အဲ့သလို စည်းနဲ့ ကမ်းနဲ့ တိုင်းပြည်… ရွဲ့ပြောရရင်… ခင်ဗျား အိမ်ကို ခင်ဗျား မီးတင် ရှို့ချင်ရင်တောင်… မီးသတ်ဌာနနဲ့ ရဲစခန်းမှာ အရင်ဆုံး ခွင့်ပြုချက် တောင်းကို တောင်းရမှာပဲ… (ဟဲ… ဟဲ… ကျုပ် နောက်တာပါ… အဲ့သလိုသွားတောင်းလို့ကတော့ ခင်ဗျားကို ဖမ်းပြီး အရူးထောင်ထဲ ပို့လိုက်မှာ ကျိမ်းသေတယ်…) … ကျုပ်ပြောချင်တာက သည်လိုပါ… အမေရိကမှာ… ဥပဒေမျိုးစုံ ရှိတယ်… ဗမာလိုဆိုရင်တော့ အတော် ရှုပ်တဲ့ ဥပဒေတွေပါပဲ…. ဒါပေသည့် အခြေခံကျကျ ပြောရရင်တော့ အဲ့ဒါတွေ အကုန်လုံးက ဥပဒေတွေပါပဲ… ဘိုလိုကျတော့ နည်းနည်းတော့ ရှုပ်တယ်… တချို့ ဟာတွေကို Code… လို့ ပြောတယ်ဗျာ… တချို့ဟာတွေကိုကျတော့လည်း… Rules လို့ပြောတယ်… တချို့ဟာတွေကိုကျတော့လည်း… Regulations… တဲ့ တချို့ဟာတွေကျတော့ တားမြစ်ကန့်သတ်ချက်တွေပေါ့… Restrictions ခေါ်ပါတယ်… မျက်စေ့တွေရော… နောက်စေ့တွေရော လည်တာပေါ့… ဒါပေသည့်… ဘယ်တခုကိုမှ ခင်ဗျား သွားနောက်လို့ မရဘူး… သေသွားမယ်… အဲ့ဒါတွေကို ခင်ဗျား ချိုးဖေါက်မိလို့ကတော့… Law ခေါ်တဲ့ ဥပဒေနဲ့ တွေ့သွားမယ်… ဟမ်… မယုံမရှိနဲ့… ခု ကျုပ် ပြောနေတာနဲ့တင်… ခင်ဗျား နောက်စေ့ လည်သွားလောက်ပြီ… Code… Rules… Regulations… Restrictions… နဲ့ Laws… တွေဟာ… အမေရိကကို ထိမ်းချုပ်ထားတာ… အဲ့ဒါတွေသာ မရှိရင်… အမေရိကဟာ… ၀က်ဝက်ကွဲနေလောက်ပြီ… ဘာကြောင့်လဲ သိလား… အမေရိကားဟာ… နိုင်ငံတကာက ရောက်လာသမျှသော သပူရိသ အပေါင်းကို… လက်ခံထားတဲ့နိုင်ငံမို့ပါ… အဲ့သည် ဥပဒေပေါင်းစုံသာ အမေရိကမှာ မရှိလို့ကတော့… ဘုရားရေ… ဆိုပြီး ခင်ဗျား ထိုင်ဆုတောင်းနေရမယ်… ဒါပေသည့် အမေရိကန် အစိုးရကို ပြည်သူလူထုက တင်ထားတာဗျ… သူတို့ဘာသာတက်ပြီး အစိုးရ လုပ်နေတာ မဟုတ်ဘူး… သည်တော့ ပြည်သူလူထုရဲ့ အသက် လုံခြုံရေး… စားရေးသောက်ရေး… ကျန်းမာရေး… အစစကို အမေရိကန်အစိုးရက အာမခံထားတယ်… ဒါတွေကိုလည်း ဥပဒေ အမျိုးစုံနဲ့ သတ်မှတ်ပြီး ပြဌာန်းထားတာပါ… ကဲ… အဲ့တော့… ကျုပ် ပြောချင်တာကို ချုပ်လိုက်ပါ့မယ်… အမေရိကမှာတော့… ခင်ဗျားလုပ်ချင်တာ မှန်သမျှ အထက်မှာပြောခဲ့တဲ့ ဥပဒေပေါင်းစုံနဲ့ ကိုက်ညီရင် အဆင်ပြေပါတယ်… အဲ့သလို မဟုတ်ရင်တော့… ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး… သည်နေရာမှာ… ကျုပ် လက်တွေ့ ကြုံခဲ့တဲ့ ဥပမာလေး တခုကို ပြောပြချင်တယ်… ကျုပ် သူငယ်ချင်း တယောက် အိမ်ဝယ်တယ်… သူ့မှာ ပိုက်ဆံလည်း ရှိ… တည်ငြိမ်တဲ့ အလုပ်လည်း ရှိလို့ အိမ်ဝယ်တာပေါ့… ဒါပေသည့် သူက သူ့အိမ်က ခေါင်မိုးအရောင်ကို မကြိုက်ဘူး… ဒါနဲ့ စတိုးတခုကိုသွားပြီး… ဆေးမှုတ်တဲ့ ပစ္စည်းတွေ သွားငှားလာတယ်… ပြီးတော့ သူ့အိမ် ခေါင်မိုးကို သူကြိုက်တဲ့အရောင်…နဲ့ ဆေးမှုတ်တော့တာပေါ့… ရပါလေရိုးလား…. သည် မြို့ထဲမှာ… ဘာအရောင်ပဲ မှုတ်ရမယ်-ဆိုတဲ့ City Code ရှိသဗျား… ခင်ဗျား အိမ် မှန်ပါတယ်… ဒါပေသည့်… သည်အရောင်တွေပဲ မှုတ်ခွင့် ရှိတယ်-ဆိုတဲ့ City Code. အောက်မှာ အဲ့ကောင် ခမျာ ဒေါ်လာ ၁၀၀၀ လောက် fine ချခံလိုက်ရတဲ့ အပြင်… သူ့ အိမ်ကို… City Codeအတိုင်း ဆေးပြန်မှုတ်လိုက်ရပါသဗျား… ဆေး၂ ခါ မှုတ်ရတော့ ဆေးခ ၂ဆ ကျသွားတဲ့အပြင် ဒဏ်ငွေလည်းဆောင်ရ ခေါင်မိုးအရောင်ကလည်း သူ့နဂိုရ်အရောင်ပဲ ပြန်ဖြစ်နေတာပေါ့လေ… မယုံ မရှိပါနဲ့… Shut up & eat လို့ ပြောသလို ပြောရမှာပါ… အမေရိက-ဆိုတာ အဲ့သလို နိုင်ငံ… ခင်ဗျား မနေချင်ရင်… ကိုယ့်တိုင်းပြည် ကိုယ်ပြန်… ပေါ့…
July 18, 2014 at 2:27pm
(၄)
အမေရိက-ဆိုတာ ဥပဒေ အမျိုးမျိုး ရှိတဲ့ နိုင်ငံ… ခင်ဗျားတို့ ယုံတာ မယုံတာနဲ့လည်း မဆိုင်ဘူး… သစ်ပင်တောင်… လိုင်စင် မရှိရင် တက်ခွင့် မရတဲ့နိုင်ငံ… ကျုပ်က နောက်နေတာလည်း မဟုတ်ဘူး… တကယ့် အဖြစ်အပျက်ကို ပြောပြနေတာ… တရက်ကျတော့… ကျုပ်တို့နေတဲ့ မြို့က မ-ဘယ်သူပေါ့ခင်ဗျာ… traffic ticket… ထိသတဲ့…. အားလုံးက သတင်းကြားကြတော့… ဟမ် traffic ticket သူက ထိရအောင်… ကားလည်း မောင်းတဲ့သူမှမဟုတ်တာ… အဲ့သလို အားလုံးက သံသယဖြစ်ကြတော့တာပေါ့… ဟုတ်ပါတယ်… သူလည်း ကားမမောင်းပါဘူး… ကားလည်း မပိုင်ပါဘူး… ဒါပေသည့်… traffic ticket ထိပါတယ်… ဘယ်လိုထိသလဲဆိုတော့… မီးပွိုင့် အနီကြီးကို ဖြတ်သွားလို့ ထိတာပါ… မီးပွိုင့်က အနီကြီး… ဒါပေသည့် ဘယ်-ညာနှစ်ဖက်… က လာနေတဲ့ ကားမှ မရှိတာ… အဲ့သည်တော့… အဲ့သည်မမကလည်း လမ်းကို ဖြတ်ကူးတော့တာပေါ့… … ဒါပေသည့်… အဲ့ဒါဟာ… illegal act… ပါပဲ… traffic signal… က… မီးအနီ ပြထားရင် ဥပဒေအရ… ခင်ဗျားတို့ အားလုံး ရပ်ပေးရမယ်… ဖြတ်သွားလို့ မရဘူး… … ဘာကားမှ မရှိတဲ့ လမ်းကို ဖြတ်သွားတဲ့ အဲ့သည်မမကတော့… traffic ticket…. ရသွားပါတော့တယ်… Running the Red signal… တဲ့… အဲ့ဒါ အမေရိကပါ ခင်ဗျား… မယုံမရှိပါနဲ့…
July 18, 2014 at 4:47pm
(၅)
ကျုပ်တို့ အရှေ့တောင် အာရှနိုင်ငံတွေမှာဆို… ရာသီဥတုဟာ… နွေ-မိုး-ဆောင်း ဆိုပြီး အားလုံး ၃ မျိုးပဲရှိတာ ခင်ဗျားတို့ အားလုံး သိကြမှာပါ… ဒါပေသည့် အမေရိကမှာကတော့ ရာသီဥတုကတော့ ၄ မျိုးရှိပါတယ်… spring… autumn… winter… summer… စသည်ဖြင့်ပေါ့လေ… နွေဦးပေါက်… ဆောင်းဦးပေါက်… ဆောင်းရာသီ… နွေရာသီ… စသည်ဖြင့် ပြောရမယ် ထင်ပါရဲ့… ဒါပေသည့် ဘယ်တော့မှ… အမေရိကမှာ မိုးရာသီ မရှိပါဘူး… ကျုပ်တို့ဆီက raining season… အမေရိကမှာ မရှိဘူး… တနည်း ပြောရရင်… tropical season… ခေါ်တဲ့ အပူပိုင်းဒေသ ရာသီဥတုမျိုး… အမေရိကမှာ မရှိဘူး…. အဲ့သလိုပြောရမှာပေါ့… သည်တော့ မိုးရာသီဆိုတာ… အမေရိကမှာ… technically… မရှိပါဘူး… ဒါပေသည့် မိုးတော့ ရွာတတ်တဲ့ ပြည်နယ်တွေ ရှိပါတယ်… ဥပမာ… ဗမာပြည်ရာသီဥတုနဲ့ သိပ်ဆင်တဲ့ ဖလော်ရီဒါ ပြည်နယ်ဆိုရင် မိုးရွာတာပေါ့… ကျုပ်တို့ ဆီမှာဆို မိုးရွာရင်… မိုးရွာရင် မိုးရေချိုးမယ်… မေမေလာရင်… နို့စို့မယ်… ဖေဖေလာရင် အုန်းသီးခွဲစားမယ်-ဆိုပြီး ကလေးတွေ သီချင်း လုပ်ဆိုတဲ့ မိုးရာသီမျိုး… သည်မှာ ဘယ်ရှိမလဲ… ဒါပေသည့် သည် အမေရိကမှာလည်း မိုးရွာတတ်ပါတယ်… ဒါပေသည့်… ခင်ဗျား သိထားဖို့က… အဲ့သည်လို ရွာတဲ့ မိုးရဲ့ မိုးရေတွေကို ခင်ဗျား… ခံယူစုဆောင်းထားလို့ မရဘူး… ကျုပ် နောက်နေတာ မဟုတ်ဘူး… ကျုပ်တို့ဆီမှာဆို မိုးရွာရင်… မိုးရေခံလို့ရတယ်… ခွက်ကြီး ခွက်ငယ်… အို… ဗျာ… ဘာနဲ့ ဖြစ်ဖြစ်… ခံယူထားလို့ရတယ်… သို့သော် … အမေရိကမှာ မရဘူး… မိုးရေတွေ… ခံယူ စုဆောင်းချင်ရင်… ခင်ဗျားမှာ… မိုးရေစုဆောင်းခွင့် လိုင်စင်ရှိမှ ရမယ်… rain-harvesting license… ခေါ်တယ်… အဲ့ဒါမရှိရင် ခင်ဗျား မိုးရေခံယူစုဆောင်းတာ… တရားမ၀င်ဘူး… အဲ့ဒါ illegal act ပဲ… အမေရိကမှာ… မိုးရေဆိုတာ… public property… ပဲ… ပြည်သူလူထု အများ ပိုင်ပဲ… ခင်ဗျား ပိုင်တာ မဟုတ်ဘူး… သူ့ဘာသာသူ မိုးရွာချလိုက်တာ မှန်ပေမယ့်… ခင်ဗျားမှာ… အဲ့သည် မိုးရေတွေကို ခံယူ စုဆောင်းခွင့် မရှိဘူး… ခံယူစုဆောင်းချင်ရင်… ခင်ဗျားမှာ လိုင်စင်ရှိရမယ်… စောစောက ကျုပ်ပြောနေတဲ့ မိုးရေခံယူစုဆောင်းခွင့် လိုင်စင်ကို ပြည်နယ် အစိုးရရုံးမှာ… ခင်ဗျား လျှောက်ထားရမယ်… အဲ့သည်လိုင်စင် ရှိမှသာ… ခင်ဗျား အိမ်မှာ မိုးရေတွေ ခံယူစုဆောင်းနိုင်မှာ… ကျုပ် ပြောတာကို မယုံ မရှိနဲ့… မိုးရေခံယူစုဆောင်းမိလို့ အဖမ်းခံလိုက်ရတဲ့ အာရှသားတွေ မြောက်များစွားရှိတယ်… သူတို့ဟာ အဲ့သည် ဥပဒေကို… မသိကြဘူးကိုး… ဒါပေသည့် အမေရိကမှာကတော့ မရဘူး… ဥပဒေကို မသိလို့ မိုးရေခံမိတာပါဆိုလည်း… မရဘူး… ဥပဒေက ရှိပြီးသားလေ… အဲ့သည် ဥပဒေကို ခင်ဗျား မသိတာက ခင်ဗျား အလုပ်… ဥပဒေက ဥပဒေပဲ… အမေရိက-ဆိုတာ အဲ့သလို ဥပဒေ-ကြီးစိုးတဲ့ နိုင်ငံ… မိုးရေခံမိလို့ အဖမ်းခံရတယ်-ဆိုရင်… ကျုပ်တို့ အာရှတိုက်မှာတော့… အတော့ကို ရီစရာကောင်းတဲ့ ဟာသတခုဖြစ်မယ်… သည်မှာတော့ မဟုတ်ဘူး… ခင်ဗျား သွားနောက်လို့ မရဘူး… it is not a joke… it is law… you have to abide… အဲ့သလိုပြောရမယ်… အေးဗျာ… မိုးရွာရင် မိုးရေချိုးပေါ့… မေမေလာရင်လည်း နို့စို့ပေါ့… ဖေဖေလာရင်လည်း အုန်းသီးခွဲစားပေါ့… ဒါပေသည့် ခင်ဗျားမှာ… rain-harvesting license မရှိပဲနဲ့တော့… မိုးရေ မခံမိစေနဲ့…
July 18, 2014 at 8:43 pm
(atn)
လာထားဟဲ့ ဥပဒေ – အပိုင်း (၁)
————————————
အမေရိကရဲ့ ဥပဒေတွေထဲမယ်… မယုံနိုင်စရာ… ရီစရာ… အူကြောင်ကြောင် ဥပဒေတွေလည်း ရှိပါတယ်… ကျုပ်လေ့လာသိရှိမိသလောက် ဖော်ပြပေးပါ့မယ်… ဒါပေသည့် ဥပဒေတွေက များလွန်းတော့ အပိုင်းလိုက် ခွဲပြီး နည်းနည်းစီ ရေးရမှာပေါ့နော…

၁။ (အရက်ဆိုင်မှာ မမူးရ…)
တကယ်လို့ ခင်ဗျားက Alaska ပြည်နယ်မှာ နေထိုင်သူဆိုရင်တော့ အရက်ကို ကိုယ့်အိမ်မှာသောက်တာပဲ အကောင်းဆုံးဖြစ်ပါလိမ့်မယ်… ပြည်နယ် ဥပဒေအရ… အရက်ဆိုင် (bar) မှာ အရက်မူးခွင့် မရှိပါဘူးတဲ့… မူးရင် ပြည်နယ်ဥပဒေကိုချိုးဖောက်တာဖြစ်ပြီး အချုပ်ကျပါလိမ့်မယ်… (ကိုယ့်အိမ်မှာပဲ မူးကြပါဆရာတို့… 😀 😛 🙂

၂။ (တံတွေး မထွေးရ)
Arizona ပြည်နယ်မယ် သွားနေမယ်ဆိုရင်တော့… လမ်းပေါ်မှာ၊ ပလက်ဖေါင်းပေါ်မှာ၊ ပန်းခြံတွေမှာ၊ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အဦတွေမှာ တံတွေးမထွေးရပါ… သည်ဥပဒေကို ကျူးလွန်မိလို့ကတော့ ဒဏ်ငွေ ဒေါ်လာ 2500 အထိနဲ့ ထောင်ဒဏ် ၆ လ ကျမှာပါ… (အိမ်ပြန်ပြီး ထွေးကြပါ.. 😀 😛 .)

၃။ (အသံထွက် မှန်ပါစေ…)
Arkansas ပြည်နယ်ကတော့ ဂွမ်းတယ်… ပြည်နယ်ဥပဒေအရ ပြည်နယ် နံမည်ကို အသံထွက် မှားမခေါ်ရပါဘူး ဒက်… (အာကဲန်ဆာ့စ်) လို့ ခေါ်ရင် တရားမ၀င်ပါ… နောက်ဆုံးစာလုံး S အသံကို ဖျောက်ပြီး (အာကဲန်ဆော) လို့ ခေါ်မှ တရားဝင်ပါသဒက်… (သွားလည်မိရင် သတိထားကြပေါ့နော… တော်နေကြာ အဖမ်းခံနေရဦးမယ်… )

၎။ (အနုမြူဗုံး မ၀င်ရ…)
California ပြည်နယ် Chico မြို့ကတော့ ပွဲကြမ်းတယ်… မြို့တော်ရဲ့ မြူနီစပယ်ဧရိယာအတွင်းမယ်… ဘယ်သူမှ အနုမြူလက်နက်ကို ဖန်တီး၊ တည်ဆောက်၊ ထိန်းသိမ်း၊ ကိုင်တွယ်၊ သယ်ဆောင်ခွင့် မရှိပါဘူး-ဒက်… အက်သည်ဥပဒေကို ချိုးဖောက်သူတွေအတွက် ပြစ်ဒဏ်ကတော့ ဒေါ်လာ ၅၀၀ ပါဒက် ခင်ဗျား… (portable အနုမြူဗုံးကို ခင်ဗျား ဘယ်တော့မှ မသယ်နက်… 😀 😛 )

၅။ (လုံးဝ အပစ်အခတ်မဲ့ဇုံ…)
Colorado ပြည်နယ်မယ်… ခင်ဗျားနေလို့ကတော့ လေးခွ ဆောင်လို့ရတယ်…. ဒါပေသည့် ၀မ်းနည်းစရာကောင်းတာကတော့ အက်သည် လေးခွနက် ခင်ဗျားဘာမှ ထည့်ပစ်လို့ မရပါဘူး…လေးခွနက် တခုခု ထည့်ပစ်ရင် ရာဇဗတ်မှု အသေးစား မြောက်ပါတယ်… (ဆောင်ရုံလေးပဲဆောင်ထားပေါ့… for-show ပေါ့… 😀 😛 0)

၆။ (ရောင်းရန်မဟုတ်… )
Florida ပြည်နယ်ကတော့ ပြတ်သားတယ်… ကိုယ်မွေးထားတဲ့ ရင်သွေးကလေးတွေကို ရောင်းမစားရပါဘူး ဒက်… ရောင်းစားရင် ရာဇ၀တ်မှုမြောက်ပါသဒက်… (သများကလေးတွေကို ရောင်းစားလို့ရပုံပါပဲ… အဟက်ဟက်…)

၇။ (ဟန်မဆောင်နက် စိတ်ဆိုးမယ်…)
Georgia ပြည်နယ်က Gainesville မြို့ကိုတော့ အကြိုက်ဆုံးပဲ… KFC လို ကြက်ကြော်တွေ စားရင်… လက်နက်ပဲ စားရမှာပါဒက်… အကြံပေးတာ မဟုတ်… no suggestion… မဖြစ်မနေလုပ်ရမှာပါဒက်… 2009 မယ် German tourist တယောက်ကို ခက်ရင်းနက် KFC ကြက်ကြော်စားလို့ ရဲက ဖမ်းဖူးပါသဒက်… အံဖွယ်ပဲ… (သယ်ရင်းတို့လည်း လက်နက်နက်သာ ပယ်ပယ်နယ်တယ်စားကြနော… 😀 😛 )

– ဆက်ပါမယ်… –
လာထားဟက် ဥပဒေ – အပိုင်း (၂)

၈။ (စားချင်ရာ စား… )
Idaho ပြည်နယ်ကတော့… အပြတ်ပဲ… ခွင့်ပြုချက်မရှိပဲ လူသားမစားရဘူး ဒက်. (သည်တော့ ခွင့်ပြုချက်က ဘာလဲ… ).. ပြည်နယ်တခုလုံးက လူသားစားခြင်း cannibalism ကို မထောက်ခံပါဘူး… ဒါပေသည့်. အလိုမတူပဲ စားသုံးခြင်း… non-consensual consumption ဟာ တရားမ၀င်ပါဘူး ဒက်… အက်သည်ဒေါ့ ခင်ဗျားကခင်ဗျား သူငယ်ချင်းကို ဖြစ်စေ… တခြားလူတဦးဦးကိုဖြစ်စေ… တယောက်တေယာက်ကို စားချင်ရင်တော့ ခွင့်ပြုချက်ယူရမှာပေါ့လေ… အဟက်ဟက်…)

၉။ (စီးချင်တိုင်း မစီးနက်…)
Illinois ပြည်နယ်မက်ဒေါ့ စက်ဘီးကို လက်နှစ်ဖက် လွှတ်စီးတာ… ခြေနင်းကို မနင်းပဲ ခြေလွတ်စီးတာက တရား မ၀င်ပါ… အက်သလိုစီးတာကိုတွေ့ရင်… ရဲဖမ်းပါမယ်…

၁၀။ (ကြောင်မမွေးနက်…)
Indiana ပြည်နယ်မှာကတော့ လတလရဲ့ ၁၃ရက်နေ့ဟာ သောကြာနေ့ဖြစ်ရင်… ကိုယ့ အိမ်က ကြောင်ကို ခြူဆွဲပေးရပါတယ်… (စောင်လုပ် အရှုပ်ခံချင် ကြောင် မမေးနက်… )

၁၁။ (မလိမ်နက်…)
အမေရိကမယ်… I Can’t Believe It Is Not Butter ဆိုတဲ့ ထောပတ်အစားထိုး margarine ရျိတယ်… ဒါပေသည့်… အက်ဒါကို ထောပတ်ဆိုပြီး တခြားတယောက်ယောက်ကို ပေးရင် ကြွေးရင် Iwoa ပြည်နယ်မယ်… ရာဇ၀တ်မှုမြောက်ပါတယ်… ရက် သုံးဆယ် အချုပ်ကျတာကနေစပြီး 625 ဒေါ်လာ ဒဏ်ကြေးလည်း ပေးဆောင်ရမှာပါ…

– ဆက်ပါမယ်… – 993
လာထားဟက် ဥပဒေ – အပိုင်း (၃)
——————————————
၁၂။ (ကျည်ကာအင်္ကျီ မ၀တ်ရ..)
New Jersey ပြည်နယ်မယ် ခင်ဗျားနေပြီး လူသတ်မှု ကျွူလွးန်လို့ကတော့… သက်သာမယ် မဟုတ်ဘူး… လူသတ်မှုက သေဒဏ်ကနေ တသက်တကျွန်းကျနိုင်တယ်… ထို့ပြင်တ၀ကတော့… အက်သည်အမှုကို ကျူးလွန်ချိန်မယ် ခင်ဗျားက ကျည်ကာအင်္ကျီဝတ်ထားရင် အမှုပိုကြီးပါသဒက်… လူသတ်မှုက ပထမအဆင့် အကြီးလေးဆုံးသော ရာဇ၀တ်မှုဖြစ်ပြီး ကျည်ကာအင်္ကျီ ၀တ်ထားတာက ဒုတိယမြောက် အကြီးလေးဆုံးသော ရာဇ၀တ်မြှျုဖစ်ပါသဒတ်… (အမှုမကြီးချင်ရင်တော့ ၀တ်လစ်စလစ်သာ လူသတ်ကြပါခင်ဗျား… )

၁၃။ (အမှိုက် မပစ်ရ…)
Texas ပြည်နယ်ရဲ့ Galveston မြို့ကတော့ အသန့်ရှင်းဆုံးမှာတော့ စံပြပါပဲ… အက်သည်မြို့ပေါ်မယ်… ဖြတ်ပျံသန်းသမျှ ဘယ်လေယာဉ်ပျံပေါ်ကမှ အမှိုက်မပစ်ရပါဘူး… ဒက်… (ဟမ်… လေယာဉ်က ပြတင်းပေါက်တွေ ဖွင့်လို့ရတာနေမယ်… )

၁၄။ (ဝေလငါး မဖမ်းရ…)
အမေရိက အညာလို့ ပြောရမယ့် ပြည်နယ်တခု ရှိပါတယ်… Okalahoma ခေါ်တယ်… ဒါပေသည့် အထင်တော့ မသေးနက်… အက်သည်ပြည်နယ်မယ်… ခင်ဗျား… ကြိုက်တဲ့ ငါးဖမ်း… ဘာ စောင်ပြသနာမှ မရှိဘူး… ဒါပေသည့် ဝေလငါးတော့… သွားမဖမ်းလေနက်… ပြည်နယ် ဥပဒေအရ ခင်ဗျား တရားစွဲခံရမယ်… (ထူးခြားတာ တခုကတော့… အက်သည်ပြည်နယ်မယ်… ဘာပင်လယ်မှ မရှိတာပါပဲ… အက်လယ့်…)

၁၅။ (မြည်း ရေမချိုးရ…)
စောင်လုပ်မရှိ ကြောင်ရေချိုး-ဆိုတာ ဗမာ့ စကားတခုပါ… ဒါပေသည့် စောင်လုပ် မရှိ မြည်းရေချိုးရင်တော့ အမေရိကမယ် ခင်ဗျား စောင်ပြသနာ ရှိတယ်… Arizona ပြည်နယ်မယ်… ကိုယ့်ဘာသာရေချိုးပါ… မြည်းတော့ ထားခက်လက်တော့…

– atn –

Leave a Reply

Your email address will not be published.